Sunday, August 31, 2008

Monitor ခဲလွတ်တဲ့ ပြဿနာ


Monitor တွေ (အထူးသဖြင့် အရင်တုန်းက Philips 15" ရော 17" ရော) Screen မှာ အပြည့်မပေါ်တာ၊ horizontal or vertical လိုင်းတစ်လိုင်းတည်းပေါ်တာ၊ ဘေးနှစ်ဖက်က စက်ဝိုင်းခြမ်းပုံအပိုင်းလေးတွေ ပျောက်နေတာတွေ အဖြစ်များတာ တွေ့ရပါတယ်။

ဆိုင်မှာ သွားပြင်စရာ မလိုအပ်ဘူးလို့ ထင်ပါတယ်။
သင့်မှာ လုပ်ရဲကိုင်ရဲတဲ့ စိတ်ရှိဖို့တော့လိုပါတယ်။
Circuit ကို ခဲဆော်ဖူးတဲ့ အတွေ့အကြုံ ရှိရင်တော့ပိုကောင်းတာပေါ့။
ခဲဆော်တဲ့ Gun နဲ့ ခဲခွေ၊ ထင်းရှုးဆီဗူး တို့ လိုပါတယ်။
သင်္ဘောဆေးသုတ်တဲ့ Brush ကြီးကြီးတစ်ခုလဲ ရှိရင်ကောင်းတယ်ဗျ။
Monitor ဖွင့်ပြီးရင် အနှစ်နှစ် အလလ က ဖုန်တွေ ရှင်းရအောင်လို့။
အဲဒီလို ဖြစ်ရတာက monitor အပူကြောင့် အထဲက Circuit ခဲဆော်ထားတဲ့ လမ်းကြောင်းတွေ လွတ်နေတာပါ။
Monitor ကို save conditon ယူပြီး ဖွင့် Circuit အောက်က ခဲဆော်ထားတာတွေကို အသေးစိတ်လိုက်ကြည့်ပါ။
လွတ်နေတယ်ထင်ရင် ဘေးကလမ်းကြောင်းတွေနဲ့ မပူးသွားအောင် သပ်သပ်ရပ်ရပ် ခဲတို့ပါ။
အားလုံးပြီးသွားပြီဆိုရင်တော့ ဖွင့်ထားတဲ့ မော်နီတာအဖုံးကို ပြန်ပိတ်ပြီး သုံးနိုင်ပါပြီခင်ဗျာ။

0 comments: