Friday, September 5, 2008

မျိုးကြီးရဲ့ ရန်ကုန်က One Man Show

သီချင်း ၂၄ ပုဒ်ကို ကိုမျိုးကြီးက အားရပါးရဆိုသွားတယ်ဗျာ။

ပရိတ်သတ်ကလည်း ရှယ်အားပေးတာ။

audio ပဲထွက်သေးတယ်ဗျ။

ဒီမှာ

အပြည့်အစုံဖတ်ရန် ...

မရှိသေးရင် Download လုပ်ဖို့ Software လေးတွေပါ ...

dotnetfx 2.0 download
stormcodec7
download
identify board download
virtualpdfprinter
download
iRepairMan download
USB disk security 5.0.0.85
download
laptop battery doubler 1.2.1 download
USB lock 3.1.5
download
ဆက်ပြီးတင်သွားပါမည်။

အပြည့်အစုံဖတ်ရန် ...

Monday, September 1, 2008

Amazing Technology

တစ်လောက သူငယ်ချင်းတစ်ယောက် အီးမေးလ်နဲ့ share လုပ်လိုက်တဲ့ Meta cafe က video file လေးတစ်ဖိုင်ပါ။
နောင်မကြာတော့မယ့် ကာလမှာ PC တွေကို ဘောလ်ပင်တွေက အစားထိုးတော့မယ်ဆိုပါလား။
အိပ်ထောင်ထဲက ဘောလ်ပင်က PC လား၊ တကယ့် ဘောလ်ပင်လား မေးရတော့မလို ဖြစ်တော့မယ်ဗျာ။
ဒီ “Pen soft of instrument” လေးက ဘယ်လို Flat surface ပေါ်မှာပဲဖြစ်ဖြစ် မော်နီတာရော၊ ကီးဘုတ်ပါ အလင်းနဲ့ ထုတ်ပေးနိုင်တယ်ဗျ။
Laptop တွေကို Good Bye လို့ ဘယ်သူပြောနိုင်မလဲ … ?

ဗီဒီယိုဖိုင်လေး ဒီမှာ ပါ။

အပြည့်အစုံဖတ်ရန် ...

RFID ကိုနားလည်ကြည့်ခြင်း

a revolutionary technology for library management













Radio Frequency Identification (RFID) ဟာ ၁၉၈၀ ခုနှစ် အစောပိုင်းကာလတွေမှာ ဦးစွာပေါ်ပေါက်လာပါတယ်။
အဲဒီအချိန်တွေတုန်းက ၄င်းကို item tracking နဲ့ access control applications တွေအတွက် သုံးခဲ့ကြတယ်။
ဒီ wireless automatic identification data capture
system တွေက ထိတွေ့စရာ မလိုဘဲ data တွေကို ရေးလို့ ဖတ်လို့ ရစေပြီး bar code labels တွေ အလုပ်မလုပ်နိုင်တဲ့ နယ်ပယ်တွေမှာ အလုပ်လုပ်လို့ရစေတယ်။
RFID က ရွေ့လျားနေတဲ့ အရာဝတ္ထုတွေ ကို ခြေရာခံနိုင်လို့ ဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်လာတယ်။
ဒီ့အပြင် ကုန်ကျစရိတ်နဲ့ လုပ်အားချွေတာနိုင်တာအပြင် သုံးနေကျ barcode တွေနဲ့ သူခိုးကာကွယ်ရေး စနစ်တွေထက် သာတဲ့အချက်တွေရှိတယ်ဆိုတာကို စာကြည့်တိုက်တွေက တွေ့လာတယ်။
အခုဆိုရင် စာကြည့်တိုက်တွေက စာအုပ်တွေ၊ CD တွေနဲ့ အခြား စာကြည့်တိုက်က စုဆောင်းထားတဲ့ အရာတွေကို ခြေရာခံဖို့ RFID ကိုသုံးနေကြပါပြီ။









Key components of an RFID System

Complete RFID system မှာ component သုံးခုပါပါတယ်။
  • An RFID tag, with a chip and an antenna.
  • A reader connected to the library information system to read and write information from and to the RFID tag.
  • An antenna connected to the reader that emits power and data from and to the RFID tag, using radio frequency principles.
reader နဲ့ antenna ပေါင်းပြီး RFID station တစ်ခုဖြစ်လာပါတယ်။
RFID tag နဲ့ RFID station နှစ်ခုကြားက communication က wireless ပါ။
ဒါကြောင့် RFID station က RFID tag ကို data ရေးဖို့ ဖတ်ဖို့ အကွာအဝေး ကန့်သတ်ချက် ရှိပါလိမ့်မယ်။

Key Features of RFID Convenience and Efficiency
RFID က လုပ်ငန်းစဉ်တွေကို အလိုအလျောက် ထိန်းချုပ်နိုင်ပါတယ်။
စာကြည့်တိုက်တွေဟာ စာအုပ်တစ်အုပ်ချင်းဆီမှာ RFID tag တွေကို တွဲတပ်ထားပါတယ်။
reading station ရှေ့မှာ စာအုပ်တွေဖြတ်တဲ့အခါ radio field တစ်ခုက chip (tag ပေါ်က) ကို charge လုပ်တယ်။
ဒါ့ကြောင့် tag က ၄င်းရဲ့ data ကို transmit လုပ်လိုက်တယ်။
RFID tag တွေက bar code တွေထက်သာတဲ့အချက်တွေ အများကြီးရှိပါတယ်။
  • chip ကို ဖတ်ဖို့ communication က line of sight ဖြစ်ဖို့မလိုပါဘူး။
  • ကောင်းကောင်းဖတ်နိုင်ဖို့အတွက် alignment တဲ့ဖို့ နဲ့ မြင်နေရဖို့ မလိုပါဘူး။
  • တစ်ချိန်ထဲနဲ့ tag အများကြီးကို ဖတ်နိုင်ပါတယ်။
  • RFID tag တွေကို ရေးနိုင်ပြီး လိုအပ်ရင် ပြင်ရေးနိုင်ပါတယ်။
  • အကြမ်းလဲခံပါတယ်။
  • tag တစ်ခုထဲမှာပဲ book identification နဲ့ သူခိုးကာကွယ်ရေးအတွက် security ကို ထည့်ထားနိုင်ပါတယ်။
Today’s Challenges for Librarians: Less Time for More Services
စာကြည့်တိုက်မှူးများဟာ စာအုပ်များကို စစ်ဆေးပြီး ပြန်အပ်လျှင် စင်များပေါ်သို့ ပြန်တင်ရသောကြောင့် မြောက်မြားစွာသော လုပ်အားများကို လိုအပ်ပါတယ်။
သုံးနေကျ barcode များနဲ့ security system များဟာ လက်ရှိ library management operation များမှာ ကန့်သတ်ချက် ရှိလာပါတယ်။
  • Material handling time ကို လျှော့ချဖို့
  • မကြာခဏတိုးလာတဲ့ စာအုပ်များကို ပိုတိကျတဲ့ စုဆောင်းစာရင်းပြုစုရန်
  • budget limit နဲ့ ထုတ်လုပ်မှုတိုးလာရန်
  • ထပ်တလဲလဲ အလုပ်များရဲ့ လုပ်ငန်းခွင်နှင့် လုပ်အားစွမ်းရည် မြှင့်တင်ရန်
  • customer service ကို မြှင့်တင်ရန်
စတဲ့ အချက်များဟာ library များမှာ တောင်းဆိုမှုများလာပါတယ်။
RFID ဟာ သင့်ရဲ့ library management ကိုပြောင်းလဲပစ်မယ့် နည်းပညာအသစ် ဖြစ်ပါတယ်။

Benefits of RFID at Each Step of Item Processing
RFID ဟာ library management process အဆင့်အားလုံးအတွက် လုပ်ငန်းစွမ်းဆောင်ရည် နဲ့ ကျွမ်းကျင်လိမ္မာမှု အသစ်များကို ယူဆောင်လာပါပြီ။
tag များဟာ ဘယ်လို integrated library system များနဲ့မဆို plug and play အလုပ်လုပ်နိုင်တဲ့ RFID station များကို ဆက်သွယ်လုပ်ဆောင်ကြပါတယ်။
ဒါ့အပြင် RFID station များဟာ real-time database update များကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

(ဆက်လက်ဖော်ပြပါဦးမည်) ..........

အပြည့်အစုံဖတ်ရန် ...

နှစ်သက်မိသော အာဇာနည်ရဲ့ သီချင်းတစ်ပုဒ်


တစ်နေ့ Department အပေါ်ထပ်မှာ သူငယ်ချင်းတွေနဲ့

အလုပ်ရှုပ်နေတုန်း မီးပျက်သွားတယ်ဗျာ။

ကိစ္စကလည်း အရေးကြီးနေတော့

မီးပြန်လာအောင် စောင့်နေရတယ်။

အဲဒီတုန်း သူငယ်ချင်းတစ်ယောက်က

သူ့ Hand Phone ထဲမှာထည့်ထားတဲ့

သီချင်းတစ်ပုဒ် ဖွင့်လိုက်တယ်။

အာဇာနည်ရဲ့ စည်းတစ်ဖက်ခြားစီးရီးထဲက

သီချင်းလေးတစ်ပုဒ်ပါ။ Feel သီချင်းလေးတစ်ပုဒ်ဗျ။

အားလုံးနားထောင်ဖူးကြမှာပါ။

မရှိသေးလို့ ရှိရင် ဒီမှာယူ ပါ။

သီချင်းစာသားလေးတွေလဲ ရိုက်ပေးလိုက်ပါတယ်။

အရင်ကအာဇာနည်ရဲ့ ဒီစီးရီးကို VCD ကြည့်ဖူးတယ်ဗျ။

သီချင်းနာမည်တော့ မမှတ်မိတော့ဘူး။

သီချင်းတွေကို နားထောင်ရတာ ဘယ်တော့မှ မ၀တဲ့ထဲမှာ

ကျွန်တော်လဲပါတယ်ဗျ။ ဘာသီချင်းအသစ်ထွက်လဲပဲ

နားစွင့်နေတာ။ ကျွန်တော့်အတွက်တော့

အသစ်တွေ ကြာကြာနားထောင်လို့ ရိုးသွားရင်

အဟောင်းလေးတွေက ပြန်ကောင်းနေပြန်ရော။

ဒီသီချင်းလေးလဲ အပါအ၀င်ပေါ့ဗျာ။

ကျွန်တော်ကြိုက်တဲ့ သီချင်းကောင်းလေးတွေ

အဆင်ပြေရင် တင်ပေးထားပါ့မယ်။


သီချင်းစာသား

ငါရင်ကွဲတော့ မင်းကတော့ မသိသလို နေခဲ့တော့

မင်းသိပ်ဆိုးနေပြီ

ဒီလိုလေးနဲ့ ၀မ်းနည်းတဲ့နေ့တွေ ဖြတ်သန်းရင်း

အသည်းကွဲတက်နေပြီ

ငါ့အချစ်ကမင်းအတွက်ပါ မပြောင်းလဲဘူးယုံကြည်ပါ

အင်း … မင်းကို အချစ်ဆုံး ငါလုံးဝမမေ့နိုင်ခဲ့

ငါအမြဲတမ်းပဲသိပ်ချစ်လို့နေမိပြီ အချစ်လေး

ငါ့ကိုဘယ်သူတားမလဲ

အဆိပ်ခပ်တွေစကားတွေရယ် ကာဆီးလဲ

အချစ်ဟာ တည်မြဲဆဲ

ငါချစ်နေဆဲ

မင်းလေးနဲ့ ဝေးခဲ့ရင် သေမဲ့ဘဝ

ရေး … မင်းယုံကြည်လိုက်

ငါ့အချစ်ကမင်းအတွက်ပါ မပြောင်းလဲဘူးယုံကြည်ပါ

မင်းလေးတစ်ယောက်သာ အချစ်ဆုံး ငါလုံးဝမမေ့နိုင်ခဲ့

ငါအမြဲတမ်းပဲသိပ်ချစ်လို့နေမိပြီ အချစ်လေး

ငါ့အချစ်ကမင်းအတွက်ပါ မပြောင်းလဲဘူး … ဟင်း … မင်းလေးအသိ

အရိုးဆုံးသောနှလုံးသား အရိုးဆုံးငါ့အချစ်နဲ့

ငါအမြဲတမ်းပဲ သိပ်ချစ်လို့နေခဲ့မိ

မင်းနဲ့တို့ဘ၀ ဝေးမဲ့စကားများ မင်းမပြောလိုက်ပါနဲ့

ငါအမြဲတမ်းပဲသိပ်ချစ်လို့နေခဲ့မိ … အချစ်လေး

အပြည့်အစုံဖတ်ရန် ...