Monday, September 1, 2008

နှစ်သက်မိသော အာဇာနည်ရဲ့ သီချင်းတစ်ပုဒ်


တစ်နေ့ Department အပေါ်ထပ်မှာ သူငယ်ချင်းတွေနဲ့

အလုပ်ရှုပ်နေတုန်း မီးပျက်သွားတယ်ဗျာ။

ကိစ္စကလည်း အရေးကြီးနေတော့

မီးပြန်လာအောင် စောင့်နေရတယ်။

အဲဒီတုန်း သူငယ်ချင်းတစ်ယောက်က

သူ့ Hand Phone ထဲမှာထည့်ထားတဲ့

သီချင်းတစ်ပုဒ် ဖွင့်လိုက်တယ်။

အာဇာနည်ရဲ့ စည်းတစ်ဖက်ခြားစီးရီးထဲက

သီချင်းလေးတစ်ပုဒ်ပါ။ Feel သီချင်းလေးတစ်ပုဒ်ဗျ။

အားလုံးနားထောင်ဖူးကြမှာပါ။

မရှိသေးလို့ ရှိရင် ဒီမှာယူ ပါ။

သီချင်းစာသားလေးတွေလဲ ရိုက်ပေးလိုက်ပါတယ်။

အရင်ကအာဇာနည်ရဲ့ ဒီစီးရီးကို VCD ကြည့်ဖူးတယ်ဗျ။

သီချင်းနာမည်တော့ မမှတ်မိတော့ဘူး။

သီချင်းတွေကို နားထောင်ရတာ ဘယ်တော့မှ မ၀တဲ့ထဲမှာ

ကျွန်တော်လဲပါတယ်ဗျ။ ဘာသီချင်းအသစ်ထွက်လဲပဲ

နားစွင့်နေတာ။ ကျွန်တော့်အတွက်တော့

အသစ်တွေ ကြာကြာနားထောင်လို့ ရိုးသွားရင်

အဟောင်းလေးတွေက ပြန်ကောင်းနေပြန်ရော။

ဒီသီချင်းလေးလဲ အပါအ၀င်ပေါ့ဗျာ။

ကျွန်တော်ကြိုက်တဲ့ သီချင်းကောင်းလေးတွေ

အဆင်ပြေရင် တင်ပေးထားပါ့မယ်။


သီချင်းစာသား

ငါရင်ကွဲတော့ မင်းကတော့ မသိသလို နေခဲ့တော့

မင်းသိပ်ဆိုးနေပြီ

ဒီလိုလေးနဲ့ ၀မ်းနည်းတဲ့နေ့တွေ ဖြတ်သန်းရင်း

အသည်းကွဲတက်နေပြီ

ငါ့အချစ်ကမင်းအတွက်ပါ မပြောင်းလဲဘူးယုံကြည်ပါ

အင်း … မင်းကို အချစ်ဆုံး ငါလုံးဝမမေ့နိုင်ခဲ့

ငါအမြဲတမ်းပဲသိပ်ချစ်လို့နေမိပြီ အချစ်လေး

ငါ့ကိုဘယ်သူတားမလဲ

အဆိပ်ခပ်တွေစကားတွေရယ် ကာဆီးလဲ

အချစ်ဟာ တည်မြဲဆဲ

ငါချစ်နေဆဲ

မင်းလေးနဲ့ ဝေးခဲ့ရင် သေမဲ့ဘဝ

ရေး … မင်းယုံကြည်လိုက်

ငါ့အချစ်ကမင်းအတွက်ပါ မပြောင်းလဲဘူးယုံကြည်ပါ

မင်းလေးတစ်ယောက်သာ အချစ်ဆုံး ငါလုံးဝမမေ့နိုင်ခဲ့

ငါအမြဲတမ်းပဲသိပ်ချစ်လို့နေမိပြီ အချစ်လေး

ငါ့အချစ်ကမင်းအတွက်ပါ မပြောင်းလဲဘူး … ဟင်း … မင်းလေးအသိ

အရိုးဆုံးသောနှလုံးသား အရိုးဆုံးငါ့အချစ်နဲ့

ငါအမြဲတမ်းပဲ သိပ်ချစ်လို့နေခဲ့မိ

မင်းနဲ့တို့ဘ၀ ဝေးမဲ့စကားများ မင်းမပြောလိုက်ပါနဲ့

ငါအမြဲတမ်းပဲသိပ်ချစ်လို့နေခဲ့မိ … အချစ်လေး

0 comments: