Radio Frequency Identification (RFID) ဟာ ၁၉၈၀ ခုနှစ် အစောပိုင်းကာလတွေမှာ ဦးစွာပေါ်ပေါက်လာပါတယ်။
အဲဒီအချိန်တွေတုန်းက ၄င်းကို item tracking နဲ့ access control applications တွေအတွက် သုံးခဲ့ကြတယ်။
ဒီ wireless automatic identification data capture system တွေက ထိတွေ့စရာ မလိုဘဲ data တွေကို ရေးလို့ ဖတ်လို့ ရစေပြီး bar code labels တွေ အလုပ်မလုပ်နိုင်တဲ့ နယ်ပယ်တွေမှာ အလုပ်လုပ်လို့ရစေတယ်။
RFID က ရွေ့လျားနေတဲ့ အရာဝတ္ထုတွေ ကို ခြေရာခံနိုင်လို့ ဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်လာတယ်။
ဒီ့အပြင် ကုန်ကျစရိတ်နဲ့ လုပ်အားချွေတာနိုင်တာအပြင် သုံးနေကျ barcode တွေနဲ့ သူခိုးကာကွယ်ရေး စနစ်တွေထက် သာတဲ့အချက်တွေရှိတယ်ဆိုတာကို စာကြည့်တိုက်တွေက တွေ့လာတယ်။
အခုဆိုရင် စာကြည့်တိုက်တွေက စာအုပ်တွေ၊ CD တွေနဲ့ အခြား စာကြည့်တိုက်က စုဆောင်းထားတဲ့ အရာတွေကို ခြေရာခံဖို့ RFID ကိုသုံးနေကြပါပြီ။
Key components of an RFID System
Complete RFID system မှာ component သုံးခုပါပါတယ်။
- An RFID tag, with a chip and an antenna.
- A reader connected to the library information system to read and write information from and to the RFID tag.
- An antenna connected to the reader that emits power and data from and to the RFID tag, using radio frequency principles.
RFID tag နဲ့ RFID station နှစ်ခုကြားက communication က wireless ပါ။
ဒါကြောင့် RFID station က RFID tag ကို data ရေးဖို့ ဖတ်ဖို့ အကွာအဝေး ကန့်သတ်ချက် ရှိပါလိမ့်မယ်။
Key Features of RFID Convenience and Efficiency
RFID က လုပ်ငန်းစဉ်တွေကို အလိုအလျောက် ထိန်းချုပ်နိုင်ပါတယ်။
စာကြည့်တိုက်တွေဟာ စာအုပ်တစ်အုပ်ချင်းဆီမှာ RFID tag တွေကို တွဲတပ်ထားပါတယ်။
reading station ရှေ့မှာ စာအုပ်တွေဖြတ်တဲ့အခါ radio field တစ်ခုက chip (tag ပေါ်က) ကို charge လုပ်တယ်။
ဒါ့ကြောင့် tag က ၄င်းရဲ့ data ကို transmit လုပ်လိုက်တယ်။
RFID tag တွေက bar code တွေထက်သာတဲ့အချက်တွေ အများကြီးရှိပါတယ်။
- chip ကို ဖတ်ဖို့ communication က line of sight ဖြစ်ဖို့မလိုပါဘူး။
- ကောင်းကောင်းဖတ်နိုင်ဖို့အတွက် alignment တဲ့ဖို့ နဲ့ မြင်နေရဖို့ မလိုပါဘူး။
- တစ်ချိန်ထဲနဲ့ tag အများကြီးကို ဖတ်နိုင်ပါတယ်။
- RFID tag တွေကို ရေးနိုင်ပြီး လိုအပ်ရင် ပြင်ရေးနိုင်ပါတယ်။
- အကြမ်းလဲခံပါတယ်။
- tag တစ်ခုထဲမှာပဲ book identification နဲ့ သူခိုးကာကွယ်ရေးအတွက် security ကို ထည့်ထားနိုင်ပါတယ်။
စာကြည့်တိုက်မှူးများဟာ စာအုပ်များကို စစ်ဆေးပြီး ပြန်အပ်လျှင် စင်များပေါ်သို့ ပြန်တင်ရသောကြောင့် မြောက်မြားစွာသော လုပ်အားများကို လိုအပ်ပါတယ်။
သုံးနေကျ barcode များနဲ့ security system များဟာ လက်ရှိ library management operation များမှာ ကန့်သတ်ချက် ရှိလာပါတယ်။
- Material handling time ကို လျှော့ချဖို့
- မကြာခဏတိုးလာတဲ့ စာအုပ်များကို ပိုတိကျတဲ့ စုဆောင်းစာရင်းပြုစုရန်
- budget limit နဲ့ ထုတ်လုပ်မှုတိုးလာရန်
- ထပ်တလဲလဲ အလုပ်များရဲ့ လုပ်ငန်းခွင်နှင့် လုပ်အားစွမ်းရည် မြှင့်တင်ရန်
- customer service ကို မြှင့်တင်ရန်
RFID ဟာ သင့်ရဲ့ library management ကိုပြောင်းလဲပစ်မယ့် နည်းပညာအသစ် ဖြစ်ပါတယ်။
Benefits of RFID at Each Step of Item Processing
RFID ဟာ library management process အဆင့်အားလုံးအတွက် လုပ်ငန်းစွမ်းဆောင်ရည် နဲ့ ကျွမ်းကျင်လိမ္မာမှု အသစ်များကို ယူဆောင်လာပါပြီ။
tag များဟာ ဘယ်လို integrated library system များနဲ့မဆို plug and play အလုပ်လုပ်နိုင်တဲ့ RFID station များကို ဆက်သွယ်လုပ်ဆောင်ကြပါတယ်။
ဒါ့အပြင် RFID station များဟာ real-time database update များကိုလည်း လုပ်ဆောင်နိုင်ပါတယ်။
(ဆက်လက်ဖော်ပြပါဦးမည်) ..........
0 comments:
Post a Comment