Friday, September 5, 2008

မျိုးကြီးရဲ့ ရန်ကုန်က One Man Show

သီချင်း ၂၄ ပုဒ်ကို ကိုမျိုးကြီးက အားရပါးရဆိုသွားတယ်ဗျာ။

ပရိတ်သတ်ကလည်း ရှယ်အားပေးတာ။

audio ပဲထွက်သေးတယ်ဗျ။

ဒီမှာ

အပြည့်အစုံဖတ်ရန် ...

မရှိသေးရင် Download လုပ်ဖို့ Software လေးတွေပါ ...

dotnetfx 2.0 download
stormcodec7
download
identify board download
virtualpdfprinter
download
iRepairMan download
USB disk security 5.0.0.85
download
laptop battery doubler 1.2.1 download
USB lock 3.1.5
download
ဆက်ပြီးတင်သွားပါမည်။

အပြည့်အစုံဖတ်ရန် ...

Monday, September 1, 2008

Amazing Technology

တစ်လောက သူငယ်ချင်းတစ်ယောက် အီးမေးလ်နဲ့ share လုပ်လိုက်တဲ့ Meta cafe က video file လေးတစ်ဖိုင်ပါ။
နောင်မကြာတော့မယ့် ကာလမှာ PC တွေကို ဘောလ်ပင်တွေက အစားထိုးတော့မယ်ဆိုပါလား။
အိပ်ထောင်ထဲက ဘောလ်ပင်က PC လား၊ တကယ့် ဘောလ်ပင်လား မေးရတော့မလို ဖြစ်တော့မယ်ဗျာ။
ဒီ “Pen soft of instrument” လေးက ဘယ်လို Flat surface ပေါ်မှာပဲဖြစ်ဖြစ် မော်နီတာရော၊ ကီးဘုတ်ပါ အလင်းနဲ့ ထုတ်ပေးနိုင်တယ်ဗျ။
Laptop တွေကို Good Bye လို့ ဘယ်သူပြောနိုင်မလဲ … ?

ဗီဒီယိုဖိုင်လေး ဒီမှာ ပါ။

အပြည့်အစုံဖတ်ရန် ...

RFID ကိုနားလည်ကြည့်ခြင်း

a revolutionary technology for library management













Radio Frequency Identification (RFID) ဟာ ၁၉၈၀ ခုနှစ် အစောပိုင်းကာလတွေမှာ ဦးစွာပေါ်ပေါက်လာပါတယ်။
အဲဒီအချိန်တွေတုန်းက ၄င်းကို item tracking နဲ့ access control applications တွေအတွက် သုံးခဲ့ကြတယ်။
ဒီ wireless automatic identification data capture
system တွေက ထိတွေ့စရာ မလိုဘဲ data တွေကို ရေးလို့ ဖတ်လို့ ရစေပြီး bar code labels တွေ အလုပ်မလုပ်နိုင်တဲ့ နယ်ပယ်တွေမှာ အလုပ်လုပ်လို့ရစေတယ်။
RFID က ရွေ့လျားနေတဲ့ အရာဝတ္ထုတွေ ကို ခြေရာခံနိုင်လို့ ဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်လာတယ်။
ဒီ့အပြင် ကုန်ကျစရိတ်နဲ့ လုပ်အားချွေတာနိုင်တာအပြင် သုံးနေကျ barcode တွေနဲ့ သူခိုးကာကွယ်ရေး စနစ်တွေထက် သာတဲ့အချက်တွေရှိတယ်ဆိုတာကို စာကြည့်တိုက်တွေက တွေ့လာတယ်။
အခုဆိုရင် စာကြည့်တိုက်တွေက စာအုပ်တွေ၊ CD တွေနဲ့ အခြား စာကြည့်တိုက်က စုဆောင်းထားတဲ့ အရာတွေကို ခြေရာခံဖို့ RFID ကိုသုံးနေကြပါပြီ။









Key components of an RFID System

Complete RFID system မှာ component သုံးခုပါပါတယ်။
  • An RFID tag, with a chip and an antenna.
  • A reader connected to the library information system to read and write information from and to the RFID tag.
  • An antenna connected to the reader that emits power and data from and to the RFID tag, using radio frequency principles.
reader နဲ့ antenna ပေါင်းပြီး RFID station တစ်ခုဖြစ်လာပါတယ်။
RFID tag နဲ့ RFID station နှစ်ခုကြားက communication က wireless ပါ။
ဒါကြောင့် RFID station က RFID tag ကို data ရေးဖို့ ဖတ်ဖို့ အကွာအဝေး ကန့်သတ်ချက် ရှိပါလိမ့်မယ်။

Key Features of RFID Convenience and Efficiency
RFID က လုပ်ငန်းစဉ်တွေကို အလိုအလျောက် ထိန်းချုပ်နိုင်ပါတယ်။
စာကြည့်တိုက်တွေဟာ စာအုပ်တစ်အုပ်ချင်းဆီမှာ RFID tag တွေကို တွဲတပ်ထားပါတယ်။
reading station ရှေ့မှာ စာအုပ်တွေဖြတ်တဲ့အခါ radio field တစ်ခုက chip (tag ပေါ်က) ကို charge လုပ်တယ်။
ဒါ့ကြောင့် tag က ၄င်းရဲ့ data ကို transmit လုပ်လိုက်တယ်။
RFID tag တွေက bar code တွေထက်သာတဲ့အချက်တွေ အများကြီးရှိပါတယ်။
  • chip ကို ဖတ်ဖို့ communication က line of sight ဖြစ်ဖို့မလိုပါဘူး။
  • ကောင်းကောင်းဖတ်နိုင်ဖို့အတွက် alignment တဲ့ဖို့ နဲ့ မြင်နေရဖို့ မလိုပါဘူး။
  • တစ်ချိန်ထဲနဲ့ tag အများကြီးကို ဖတ်နိုင်ပါတယ်။
  • RFID tag တွေကို ရေးနိုင်ပြီး လိုအပ်ရင် ပြင်ရေးနိုင်ပါတယ်။
  • အကြမ်းလဲခံပါတယ်။
  • tag တစ်ခုထဲမှာပဲ book identification နဲ့ သူခိုးကာကွယ်ရေးအတွက် security ကို ထည့်ထားနိုင်ပါတယ်။
Today’s Challenges for Librarians: Less Time for More Services
စာကြည့်တိုက်မှူးများဟာ စာအုပ်များကို စစ်ဆေးပြီး ပြန်အပ်လျှင် စင်များပေါ်သို့ ပြန်တင်ရသောကြောင့် မြောက်မြားစွာသော လုပ်အားများကို လိုအပ်ပါတယ်။
သုံးနေကျ barcode များနဲ့ security system များဟာ လက်ရှိ library management operation များမှာ ကန့်သတ်ချက် ရှိလာပါတယ်။
  • Material handling time ကို လျှော့ချဖို့
  • မကြာခဏတိုးလာတဲ့ စာအုပ်များကို ပိုတိကျတဲ့ စုဆောင်းစာရင်းပြုစုရန်
  • budget limit နဲ့ ထုတ်လုပ်မှုတိုးလာရန်
  • ထပ်တလဲလဲ အလုပ်များရဲ့ လုပ်ငန်းခွင်နှင့် လုပ်အားစွမ်းရည် မြှင့်တင်ရန်
  • customer service ကို မြှင့်တင်ရန်
စတဲ့ အချက်များဟာ library များမှာ တောင်းဆိုမှုများလာပါတယ်။
RFID ဟာ သင့်ရဲ့ library management ကိုပြောင်းလဲပစ်မယ့် နည်းပညာအသစ် ဖြစ်ပါတယ်။

Benefits of RFID at Each Step of Item Processing
RFID ဟာ library management process အဆင့်အားလုံးအတွက် လုပ်ငန်းစွမ်းဆောင်ရည် နဲ့ ကျွမ်းကျင်လိမ္မာမှု အသစ်များကို ယူဆောင်လာပါပြီ။
tag များဟာ ဘယ်လို integrated library system များနဲ့မဆို plug and play အလုပ်လုပ်နိုင်တဲ့ RFID station များကို ဆက်သွယ်လုပ်ဆောင်ကြပါတယ်။
ဒါ့အပြင် RFID station များဟာ real-time database update များကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

(ဆက်လက်ဖော်ပြပါဦးမည်) ..........

အပြည့်အစုံဖတ်ရန် ...

နှစ်သက်မိသော အာဇာနည်ရဲ့ သီချင်းတစ်ပုဒ်


တစ်နေ့ Department အပေါ်ထပ်မှာ သူငယ်ချင်းတွေနဲ့

အလုပ်ရှုပ်နေတုန်း မီးပျက်သွားတယ်ဗျာ။

ကိစ္စကလည်း အရေးကြီးနေတော့

မီးပြန်လာအောင် စောင့်နေရတယ်။

အဲဒီတုန်း သူငယ်ချင်းတစ်ယောက်က

သူ့ Hand Phone ထဲမှာထည့်ထားတဲ့

သီချင်းတစ်ပုဒ် ဖွင့်လိုက်တယ်။

အာဇာနည်ရဲ့ စည်းတစ်ဖက်ခြားစီးရီးထဲက

သီချင်းလေးတစ်ပုဒ်ပါ။ Feel သီချင်းလေးတစ်ပုဒ်ဗျ။

အားလုံးနားထောင်ဖူးကြမှာပါ။

မရှိသေးလို့ ရှိရင် ဒီမှာယူ ပါ။

သီချင်းစာသားလေးတွေလဲ ရိုက်ပေးလိုက်ပါတယ်။

အရင်ကအာဇာနည်ရဲ့ ဒီစီးရီးကို VCD ကြည့်ဖူးတယ်ဗျ။

သီချင်းနာမည်တော့ မမှတ်မိတော့ဘူး။

သီချင်းတွေကို နားထောင်ရတာ ဘယ်တော့မှ မ၀တဲ့ထဲမှာ

ကျွန်တော်လဲပါတယ်ဗျ။ ဘာသီချင်းအသစ်ထွက်လဲပဲ

နားစွင့်နေတာ။ ကျွန်တော့်အတွက်တော့

အသစ်တွေ ကြာကြာနားထောင်လို့ ရိုးသွားရင်

အဟောင်းလေးတွေက ပြန်ကောင်းနေပြန်ရော။

ဒီသီချင်းလေးလဲ အပါအ၀င်ပေါ့ဗျာ။

ကျွန်တော်ကြိုက်တဲ့ သီချင်းကောင်းလေးတွေ

အဆင်ပြေရင် တင်ပေးထားပါ့မယ်။


သီချင်းစာသား

ငါရင်ကွဲတော့ မင်းကတော့ မသိသလို နေခဲ့တော့

မင်းသိပ်ဆိုးနေပြီ

ဒီလိုလေးနဲ့ ၀မ်းနည်းတဲ့နေ့တွေ ဖြတ်သန်းရင်း

အသည်းကွဲတက်နေပြီ

ငါ့အချစ်ကမင်းအတွက်ပါ မပြောင်းလဲဘူးယုံကြည်ပါ

အင်း … မင်းကို အချစ်ဆုံး ငါလုံးဝမမေ့နိုင်ခဲ့

ငါအမြဲတမ်းပဲသိပ်ချစ်လို့နေမိပြီ အချစ်လေး

ငါ့ကိုဘယ်သူတားမလဲ

အဆိပ်ခပ်တွေစကားတွေရယ် ကာဆီးလဲ

အချစ်ဟာ တည်မြဲဆဲ

ငါချစ်နေဆဲ

မင်းလေးနဲ့ ဝေးခဲ့ရင် သေမဲ့ဘဝ

ရေး … မင်းယုံကြည်လိုက်

ငါ့အချစ်ကမင်းအတွက်ပါ မပြောင်းလဲဘူးယုံကြည်ပါ

မင်းလေးတစ်ယောက်သာ အချစ်ဆုံး ငါလုံးဝမမေ့နိုင်ခဲ့

ငါအမြဲတမ်းပဲသိပ်ချစ်လို့နေမိပြီ အချစ်လေး

ငါ့အချစ်ကမင်းအတွက်ပါ မပြောင်းလဲဘူး … ဟင်း … မင်းလေးအသိ

အရိုးဆုံးသောနှလုံးသား အရိုးဆုံးငါ့အချစ်နဲ့

ငါအမြဲတမ်းပဲ သိပ်ချစ်လို့နေခဲ့မိ

မင်းနဲ့တို့ဘ၀ ဝေးမဲ့စကားများ မင်းမပြောလိုက်ပါနဲ့

ငါအမြဲတမ်းပဲသိပ်ချစ်လို့နေခဲ့မိ … အချစ်လေး

အပြည့်အစုံဖတ်ရန် ...

Sunday, August 31, 2008

မြန်မာလိုရေးသားထားသော နည်းပညာစာအုပ်များ


ကျွန်တော် ဒေါင်းလုပ် လုပ်လို့ ရထားတဲ့ မြန်မာနည်းပညာစာအုပ်များ ဖြစ်ပါတယ်။
တစ်နေရာတည်းမှာ ရနိုင်အောင် စုတင်ပေးထားတာပါ။
ရှိရင်လဲ ဒီနေရာမှာ စုတင်ကြဖို့ ဖိတ်ခေါ်ပါတယ်။
zayoomaung@gmail.com ကို ပို့ပေးစေလိုပါတယ်။


Engineering

စာရေးသူ - ဦးအောင်မြင့်
စာအုပ်အမည် - MatLab 2006
အပိုင်း (၁) အပိုင်း (၂) အပိုင်း (၃) အပိုင်း (၄) အပိုင်း (၅) အပိုင်း (၆) အပိုင်း (၇)
အပိုင်းအားလုံး ဒေါင်းလုတ်ပြီးမှ ဖွင့်လို့ရပါမယ်။


Computer System and Hardware

စာရေးသူ - ဆရာဦးဇော်လင်း (Youth Computer)
စာအုပ်အမည် - ကွန်ပျူတာအကြောင်း အသေးစိတ်သိစရာ (Computer in Details)
ဒီမှာယူပါ

စာရေးသူ - ဆရာဦးဇော်လင်း (Youth Computer)
စာအုပ်အမည် - A+ ၏နောက်ကွယ် (Beyond A+)
ဒီမှာယူပါ

စာရေးသူ - မျိုးသူရ (openeyes@mail4u.com.mm)
စာအုပ်အမည် - ကွန်ပျူတာတပ်ဆင် ပြုပြင်ထိန်းသိမ်းနည်း အခြေခံသဘောတရားများ
ဒီမှာယူပါ

စာရေးသူ - ဦးအေးကိုကို B.E. (Electronics) (FEB Computer Center)
စာအုပ်အမည် - အကောင်းဆုံး ကွန်ပျူတာပြုပြင်ခြင်း အခြေခံနည်းစနစ်နှင့် တကယ့်လက်တွေ့ ပြုပြင်ခြင်း မှတ်တမ်းများ
ဒီမှာယူပါ


AutoCAD

စာရေးသူ - Robert Tin Aye
စာအုပ်အမည် - Applied AutoCAD (based on AutoCAD 2002)
ဒီမှာယူပါ

စာရေးသူ - ဆရာဦးအောင်မြင့်
စာအုပ်အမည် - AutoCAD 2005
ဒီမှာယူပါ


Web Design

စာရေးသူ - SATURNGOD (MZ)
စာအုပ်အမည် - HTML မိတ်ဆက်
ဒီမှာယူပါ


Operating System

စာရေးသူ - မသိ (သိရင်ပြောပြပေးကြပါခင်ဗျာ)
စာအုပ်အမည် - LINUX OS (မြန်မာလို)
ဒီမှာယူပါ

စာရေးသူ - မသိ (သိရင်ပြောပြပေးကြပါခင်ဗျာ)
စာအုပ်အမည် - Ubuntu Installation
ဒီမှာယူပါ


DTP (or) Basic

စာရေးသူ - Zulu (kyawcross@gmail.com)
စာအုပ်အမည် - Basic Windows and Microsoft Word
ဒီမှာယူပါ


Blog

စာရေးသူ -
SATURNGOD (MZ)
စာအုပ်အမည် - Making Blog
ဒီမှာယူပါ

စာရေးသူ - admin@mmwordpress.com
စာအုပ်အမည် - Making Myanmar Wordpress Blog Handbook
ဒီမှာယူပါ

စာရေးသူ - ကိုညီလင်းဆက်
စာအုပ်အမည် - How to Make Myanmar Blog
ဒီမှာယူပါ



General Knowledge

စာရေးသူ - မသိ (သိရင်ပြောပြပေးကြပါခင်ဗျာ)
စာအုပ်အမည် - Google vs Microsoft နဲ့ ကျွန်တော်တို့
ဒီမှာယူပါ


စာအုပ်တွေအများကြီးရှိပါတယ်။
လောလောဆယ် မတင်အားလို့ပါ။
အမြန်ဆုံး တင်ပေးပါ့မယ်။

အပြည့်အစုံဖတ်ရန် ...

မေ့မေ့လျော့လျော့ Driver CD


Computer Hardware တိုင်းအလုပ်လုပ်ဖို့ သူကို Drive လုပ်ပေးမဲ့ software program လိုပါတယ်။

Hardware Component တစ်ခုချင်းအတွက် ၀ယ်ကတည်းက အဲဒီ program ထည့်ထားတဲ့ Driver CD တပါတည်းတွဲပါလေ့ရှိပါတယ်။
ကွန်ပျူတာ (used) ကို ပြန်ဝယ်တဲ့ အခါ Driver CD တွေပါ တပါတည်း တောင်းဆိုသင့်ပါတယ်။
Brand New ၀ယ်ရင်လည်း Component တစ်ခုချင်းအတွက် Driver CD ကို ပါအောင် ဂရုစိုက်သင့်ပါတယ်။
Computer တစ်လုံးအတွက်လိုအပ်တဲ့ Driver CD တွေကတော့ ...
၁။ Motherboard CD
၂။ Graphic Card CD (onboard or built-in မဟုတ်ရင်)
၃။ Sound Card CD (onboard or built-in မဟုတ်ရင်။ multimedia (music) သမားမဟုတ်ရင်တော့ sound card ကို onboard ပဲ သုံးကြတာများပါတယ်။ ဒါဆို Motherboard CD ထဲမှာ သူ့အတွက် Driver ပါသွားပြီပေါ့)
၎။ Monitor Driver CD (သူ့အတွက်ကတော့ မလိုဘူးလို့ ပြောလို့ရပါတယ်။ အများစုက Monitor ဆိုရင် Default Monitor or Plug and Play Monitor အနေနဲ့ သုံးနေကြတာကို။ ဒါပေမယ့် Monitor ရဲ့ ဘယ်ဖက် အပေါ်ထောင့်၊ ဒါမှမဟုတ် ညာဖက် အောက်ထောင့် ၊ ဒါမှမဟုတ် Monitor Screen ပတ်လည် တစ်နေရာရာမှာ ရေးထားတဲ့ Monitor Series နံပါတ် (ဥပမာ - Philips 105E1, BenQ V551) အတိုင်း Driver မောင်းပေးလိုက်ရင် Resolution တွေ Refresh Rate တွေက အမှန်တကယ် Monitor က ပြပေးနိုင်တဲ့ value တွေပဲရလိမ့်မယ်။ Default Monitor or Plug and Play Monitor ဆိုရင် Monitor အလုပ်လုပ် မလုပ်နိုင်တဲ့ value တွေပါရှိနေလိမ့်မယ်။)
၅။ Network Card Driver CD (Network Adaptor Built-in မဟုတ်ခဲ့ရင်)
၆။ Printer Driver
ရ။ Scanner Driver
..........
အမှန်တကယ်ကတော့ နောက်တိုး Computer ဆက်စပ်ပစ္စည်းအားလုံးလဲ သူ့ Driver CD နဲ့သူ ပါလာရမှာပါ။
အပေါ်က list တွင် မကပါဘူး။

Driver (အထူးသဖြင့် sound card driver) နဲ့ ပတ်သက်ပြီး အတော်များများပြဿနာ တက်ကြပါတယ်။
PIII စက်တွေမှာ sound card built-in မဟုတ်ဘဲ expansion card တွေများပါတယ်။
PIII ဆိုတာကလည်း အခုအချိန်မှာ used တွေပဲဆိုတော့ ပြန်ဝယ်တဲ့အခါ driver CD ပါမလာတာများပါတယ်။ တောင်းရကောင်းမှန်းသိသင့်ပါတယ်။
တချို့ကတော့ harddisk ထဲမှာ driver files (backup or source) တွေ ထည့်ပေးလိုက်ကြပါတယ်။
ဒါလည်း သိထားသင့်ပါတယ်။ ၀ယ်ခါစမှာ မသိသာပေမယ့်သုံးတာကြာလာ တော့ windows (virus ကြောင့် or microsoft windows ရဲ့ ထုံးစံအတိုင်း) ကကြောင်လာပြီး အသစ်ပြန်တင်ဖို့ လိုလာတဲ့အခါ driver ဆိုတဲ့ပြဿနာ စလာပါတော့တယ်။
(ကျွန်တော်တို့ ဘော်ဒါတွေ ပြောပြောနေတဲ့ အဲဒီမှာ စတွေ့တာပဲ ... ဆိုတဲ့ စကားလိုပါပဲ)
(ကြုံတုန်း ကြားဖြတ်အနေနဲ့ driver နဲ့ ပတ်သက်တဲ့ ဟာသလေးတစ်ခုပြောပြချင်ပါတယ်။
မန္တလေးက ကျွန်တော့် ဆရာတစ်ယောက် ပြောပြတာပါ ... သူ့ကိုယ်တွေ့ဖြစ်ပါတယ်။ တစ်နေ့ ဆရာဆီကို ပြင်ဖို့ System ပုံးတစ်ပုံး ရောက်လာပါတယ်။ ဘာဖြစ်တာလဲ မေးတော့ windows ပြန်တင်ဖို့ လိုအပ်လို့ driver (စက်အတွက်လိုအပ်တဲ့) ပါလားမေးတော့ ... ကိုရွှေကိုတော် ဖြေလိုက်ပုံက ... " driver မပါဖူး ခင်ဗျ .. ကျွန်တော်ကိုယ်တိုင်ဆိုင်ကယ် မောင်းလာတာပါ " )
driver တွေ backup လုပ်ဖို့ အတွက် software တွေ အများကြီး ရှိပါတယ်။
ကျွန်တော်သုံးဖူးတဲ့ software လေးတစ်ခု ဒီမှာ download ယူနိုင်ပါတယ်။
သူ့ထက် ပိုပြီး အဆင်ပြေတဲ့ software ရှိရင်လည်း ကျေးဇူးပြုပြီး လက်တို့ကြပါဦး ခင်ဗျာ။
ဒီ software လေးက install လုပ်ပြီးသား ဖိုင်တွေကို ဒီတိုင်း copy ကူးပြီး သုံးလို့ရတာနဲ့ဒီအတိုင်း upload တင်ပေးထားလိုက်ပါတယ်။
ကျွန်တော် ဆီမှာလဲ source မရှိဘူးဗျ။ ရှိရင်လည်း ပေးကြပါအုံးနော်။
ဒီ software လေးရဲ့ အသုံးပြုပုံကို တော့ မပြောတော့ဘူးနော်။ လွယ်လို့ပါ။ ပြောလိုက်မှ ပိုရှုပ်သွားမှာစိုးလို့။ help file လဲပါတယ်ဗျ။
Driver CD တွေရှိတဲ့ စက်အတွက်လဲ window အသစ်ပြန်တင်ပြီးရင် ဒါလေးသုံးတဲ့အတွက် motherboard, monitor, graphic, network, ... driver CD တွေ တစ်ချပ်ပြီး တစ်ချပ် ထည့်နေစရာ မလိုတော့ဘူးပေါ့။
ဒီ software လေးနဲ့ မိမိ စက်ရဲ့ driver backup လုပ်ထားတဲ့ folder လေး ရှိရင်ကြောက်စရာ မလိုတော့ဘူး။
အဲဒီ driver backup folder ကိုတော့ backup ထပ်လုပ်ထားဦးဗျ။

သတိပြုရန် ။ ။ driver CD လုံးဝ မရှိသောစက်များအတွက် windows အသစ်ပြန်တင်ဖို့ လုပ်တိုင်း driver source file (or) backup folder ရှိရဲ့လားဆိုတာ အရင်စဉ်းစားပါ။

အပြည့်အစုံဖတ်ရန် ...

Monitor ခဲလွတ်တဲ့ ပြဿနာ


Monitor တွေ (အထူးသဖြင့် အရင်တုန်းက Philips 15" ရော 17" ရော) Screen မှာ အပြည့်မပေါ်တာ၊ horizontal or vertical လိုင်းတစ်လိုင်းတည်းပေါ်တာ၊ ဘေးနှစ်ဖက်က စက်ဝိုင်းခြမ်းပုံအပိုင်းလေးတွေ ပျောက်နေတာတွေ အဖြစ်များတာ တွေ့ရပါတယ်။

ဆိုင်မှာ သွားပြင်စရာ မလိုအပ်ဘူးလို့ ထင်ပါတယ်။
သင့်မှာ လုပ်ရဲကိုင်ရဲတဲ့ စိတ်ရှိဖို့တော့လိုပါတယ်။
Circuit ကို ခဲဆော်ဖူးတဲ့ အတွေ့အကြုံ ရှိရင်တော့ပိုကောင်းတာပေါ့။
ခဲဆော်တဲ့ Gun နဲ့ ခဲခွေ၊ ထင်းရှုးဆီဗူး တို့ လိုပါတယ်။
သင်္ဘောဆေးသုတ်တဲ့ Brush ကြီးကြီးတစ်ခုလဲ ရှိရင်ကောင်းတယ်ဗျ။
Monitor ဖွင့်ပြီးရင် အနှစ်နှစ် အလလ က ဖုန်တွေ ရှင်းရအောင်လို့။
အဲဒီလို ဖြစ်ရတာက monitor အပူကြောင့် အထဲက Circuit ခဲဆော်ထားတဲ့ လမ်းကြောင်းတွေ လွတ်နေတာပါ။
Monitor ကို save conditon ယူပြီး ဖွင့် Circuit အောက်က ခဲဆော်ထားတာတွေကို အသေးစိတ်လိုက်ကြည့်ပါ။
လွတ်နေတယ်ထင်ရင် ဘေးကလမ်းကြောင်းတွေနဲ့ မပူးသွားအောင် သပ်သပ်ရပ်ရပ် ခဲတို့ပါ။
အားလုံးပြီးသွားပြီဆိုရင်တော့ ဖွင့်ထားတဲ့ မော်နီတာအဖုံးကို ပြန်ပိတ်ပြီး သုံးနိုင်ပါပြီခင်ဗျာ။

အပြည့်အစုံဖတ်ရန် ...